Alexander Great ကို ဘယ်လိုလူတွေက အနိုင်ယူလိုက်သလဲဆိုတာကို စိတ်ဝင်စားစရာပါ..။

Defeat of Alexander The Great
World famous for many centuries
It’s interesting how people defeated the Greek general Alexander the Great…
As nothing is permanent, success is one day we will have to face failure. The way a great general who was able to establish a great Greek empire without losing a war for 15 years is a genius.
Around 326 BC, the Greek army, which defeated the Persian Empire in just a few days, came to conquer northern India, where King Porus was reigning. I waited while giving the ultimatum On the other side is a large field, and King Porus is surrounded by forests on the other side.
The Indian King Porus’s country was also very worried as it would have to face a huge Greek army. They accused me of asking them to help the big army that was in control, but it was already captured and everyone was going to die.. But the king asked a question that he wanted to know and announced that he would not surrender as he said, and he would go to war, and he was waiting on this side…
At that time, according to his military strategy, Alexander the Great divided his army into 2 front and rear groups and started with a strong army and attacked across the river.. He placed elephants in the middle and surrounded the cavalry as the left wing and the right wing. (Operation of the cow) He himself attacked with horse warriors on the right wing.. King Porus started to fight with horse warriors in the middle and more than 200 elephant warriors on the left and right wings..
There, Alexander the Great was surrounded by his army and captured alive before he could even order his army to fight. However, because they were leaders with dignity and integrity, they did not kill and declared defeat, so they let them go.
Some of the tips from this great professor behind such a win are the life of this game…
The advantage of the Greek army is the cavalry.
Their horses are strong and carefully trained, so it’s not easy for us to compete…
The weapon they use to fight against enemies is 9-foot long spears compared to bows…The normal spears are only 6-7 feet long, so they used those long spears to cut off previous wars, so they must be able to avoid that weapon.
Horses naturally take a nap after drinking water.
They don’t go easy while running
That’s why the horses crossing the river are like drinking water, and when they get to the shore, they will be sleepy.
Because of the river water you drink while crossing the river, your bladder will be heavy and you will feel nauseous.
That’s why they can’t do jumping, running and galloping anymore
We must take advantage of this weakness and attack with elephants
Since their side was surrounded by a thick forest, the elephant army had to be placed in three lines and hidden in the jungle
The cavalry, unable to move from the battle stock, must be trampled down one by one by the elephants.
Their 9-foot-long spears had little chance of reaching the soldiers sitting on the elephants.
It is a lesson that in war, it is not the superiority of power that is important, but the quality of resourcefulness.


Win Bo
2021

👍Alexander The Great ၏ ရှုံးပွဲ
ရာစုနှစ်များစွာအထိ ကမ္ဘာကျော်ခဲ့တဲ့
ဂရိစစ်သူကြီး Alexander Great ကို ဘယ်လိုလူတွေက အနိုင်ယူလိုက်သလဲဆိုတာကို စိတ်ဝင်စားစရာပါ..။
ဘယ်အရာမှ မမြဲဘူးဆိုတဲ့အတိုင်း အောင်မြင်ခြင်းတွေဟာ ရှုံးနိမ့်ခြင်းနဲ့ တနေ့ကြုံရမှာဘဲဆိုပေမယ့်. ၁၅ နှစ်လုံးလုံး စစ်မရှုံးဘူးဘဲ ဂရိအင်ပါယာကြီးကို ထူထောင်နိုင်ခဲ့တဲ့ မဟာ စစ်သူကြီး စစ်ရှုံးရပုံက ပညာသား ပါလှပါတယ်..
BC 326 ‌ကျော်လောက်က ပါရှန်းအင်ပါယာကို ရက်ပိုင်းနဲ့တင် အောင်မြင်ခဲ့တဲ့ ဂရိတပ်မတော်ကြီးဟာ ပေါရာဏတိုင်း ဘုရင် ပိုးရပ်းစ ( King Porus) ထီးနန်း စိုးစံတဲ့ အန္ဒိယပြည်မြောက်ပိုင်းကို သိမ်းပိုက်ဖို့ ရောက်ရှိလာခဲ့ပါတယ်..Battle of the Hydaspes လို့ လူသိများတဲ့ စစ်ပွဲကြီးဆင်နွဲဖို့ ဂရိတပ်ကြီးကို Alexander The Great ကိုတိုင် ဉီးစီလာခဲ့ပါတယ်.. ၄င်းတို့ဟာ ပန်ဂျပ်ပြည်နယ်က ဟိုက်ဒရာပတ် မြစ်တဖက်ကမ်းကို ရောက်ရှိလာပြီး ရာဇသံပေးရင်း စောင့်ဆိုင်းခဲ့ပါတယ်.. အဲဒီဟိုက်ဒရာပတ် မြစ်ကြီးရဲ့ ဂရိတပ်မတော်ကြီး ရောက်ရှိတဲ့ ဖက်ခြမ်းဟာ ကွင်းပြင်ကြီးဖြစ်ပြီး ဘုရင် ပိုးရပ်စ တို့ဖက်ခြမ်းက သစ်တောများဖြင့် အုပ်ဆိုင်းနေပါတယ်..
အိန္ဒိယဘုရင် ပိုးရပ်စ ရဲ့တိုင်းပြည်ဟာလည်း အင်အား အဆမတန် များပြား ကြီးမားတဲ့ ဂရိတပ်မတော်ကြီးနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် အလွန်အမင်း စိုးရိမ်ကြောင့်ကျမှု့တွေရှိနေကြပါတယ်.. ဘုရင်ကလည်း မူးကြီးမတ်ရာတွေနဲ့ တိုင်ပင်နေရာကနေ တနေ့မှာ တက္ကသီလာ ပါမောက္ခ ချာနာခရတ် ကိုတိုင်ပင်ခဲ့ပါတယ်.. အဲဒီ တက္ကသီလာ ပါမောက္ခကြီးက သူတို့ကို မြစ်ဒီဘက် ကူးခိုင်းလိုက်ပါလို့ အကြံပေးသတဲ့ အဲဒီအချိန်မှာ မူးမတ်တွေကော စစ်သေနာပတိကြီးတွေကပါ.. ဟာ.. ဒီ ပါမောက္ခ စစ်ရေးအမြင်မရှိဘဲနဲ့ တိုက်တိုင်းနိုင်နေတဲ့ တပ်မဟာကြီးကို ကူခိုင်းလို့ကတော့ သိမ်းပြီးသားဖြစ်သွားပြီး အားလုံးသေကုန်တော့မှာဘဲလို့ ပြစ်တင်ပြောဆိုကြပါတယ်.. ဒါပေမယ့် ဘုရင်ကြီးဟာ သူသိချင်တဲ့ မေးခွန်းတချိူ့မေးပြီး သူပြောတဲ့အတိုင်း အညံ့မခံဘူး စစ်ပြုမယ် လို့ ကြေငြာပြီး ဒီဘက်ကမ်းက စစ်ပြင်ကာ စောင့်နေခဲ့ပါတယ်…
အဲဒီအချိန်မှာ Alexander The Great ဟာ သူ့ရဲ့ စစ်ဗျူဟာအတိုင်း သူ့တပ်ကို ရှေ့နောက် ၂ စုခွဲပြီး အင်အားနဲတဲ့ တပ်နဲ့ စတင်ပြီး မြစ်ကူးတိုက်ခိုက်ပါတယ်.. အလယ်မှာ ဆင်တပ်ထားပြီး မြင်းတပ်တွေကို ဘယ်တောင်ပန်နဲ့ ညာတောင်ပန်အဖြစ် ရံစေခဲ့ပါတယ်.(ဂဋုန်တောင်ပန် စစ်ဆင်ရေး) ကျန်တပ်ကိုတော့ ၁၇ မိုင်အကွာမှာ ချန်ထားခဲ့ပြီး ဒုတိယလှိုင်းအဖြစ် အလယ်ကနေ အလုံးလိုက် အရင်းလိုက် ဝင်ရောက်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပါတယ်. (နွားလား ဉသ္သဖ စစ်ဆင်ရေး) သူကိုယ်တိုင်လည်း ညာတောင်ပံက မြင်းစစ်သည်တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်.. King Porus ကကျတော့ အလယ်ကို မြင်းစစ်သည်နဲ့ ဘယ်ညာတောင်ပံကို ဆင်စစ်သည် ၂၀၀ ကျော်နဲ့ စစ်ဆင်ကာ စတင်တိုက်ခိုက်ခဲ့ကြပါတယ်..
အဲဒီမှာတင် Alexander The Great ဟာ နောက်ချန်တပ်ကိုတောင် တိုက်မိန့်မပေးနိုင်ခင် သူပါတဲ့တပ် အဝိုင်းခံရပြီး အရှင်ဖမ်းမိသွားပါတယ်. သို့သော် သိက္ခာ သမာဓိရှိတဲ့ ခေါင်းဆောင်တွေဆိုတော့ သတ်မပစ်ဘဲ အရှုံးလို့ ကြေငြာခဲ့တဲ့အတွက် လွတ်ပေးလိုက်ပပါတယ်.. Alexander ကိုယ်တိုင်ကလည်း စစ်တိုက်တဲ့ စိတ်ဓါတ်နဲ့ နည်းပညာကို လေးစားလို့ နောက်တဖန် စစ်ပြုခြင်း မပြုတော့ဘဲ အဲဒီတိုင်းပြည်ဟာ မင်းတိုင်ပြည်ဖြစ်တယ်လို့ ပြောပြီး တပ်ဆုတ်သွားတယ်လို့ သိရပါတယ်..
အဲဒီလို အနိုင်ရသွားခြင်းရဲ့ နောက်ကွယ်က ဒီသာပါမောက္ခကြီးရဲ့ အကြံပြုချက်တချို့ဟာ ဒီပွဲရဲ့ အသက်ပါ..။
ဂရိ တပ်မတော်ကြီးရဲ့ အားသာချက်က မြင်းတပ်ဖြစ်တယ်..
သူတို့မြင်းများဟာ အားကောင်းမောင်းသန်နဲ့ အသေအခြာ ပြုစုလေ့ကျင့်ထားတဲ့ မြင်းတွေဖြစ်တဲ့အတွက် ငါတို့ ယှဉ်ဖို့ မလွယ်လှဘူး…
သူတို့ အားထားတိုက်တဲ့ လက်နက်က လေးမြှာထက်စာရင် ၉ ပေရှည်တဲ့ လှံများဖြစ်တယ်…သာမာန် လှံများဟာ ၆-၇ ပေဘဲရှိလို့ အဲဒီလှံရှည်တွေ အသုံးပြုပြီး အရင်စစ်ပွဲတွေကို အပြတ်ဖြတ်ခဲ့တာဖြစ်လို့ အဲဒီလက်နက် လွတ်အောင် ရှောင်နိုင်ရမယ်..
မြင်းတို့ရဲ့ သဘာဝမှာ ရေချိူးပြီးရင် တရေးတမော အိပ်တတ်ကြတယ်..
ပြေးရင်းလွှားရင်း အပေါ့မသွားတတ်ကြဘူး
အဲဒါကြောင့် မြစ်ကို ကူးလာတဲ့ မြင်းတွေဟာ ရေချိူးသလိုဖြစ်ပြီး ကမ်းတက်ရင် ငိုက်မြည်းကြလိမ့်မယ်.
မြစ်ကူးရင်း သောက်လာတဲ့ မြစ်ရေတွေကြောင့် ဆီးအိမ်တွေလေးပြီး အထိုင်အထ လေးကာ မအီမသာဖြစ်လိမ့်မယ်..
အဲဒါကြောင့် ခုန်ပေါက်ပြေးလွှားခြင်း ကဆုန်ပေါက်ခြင်းအမှု့ မပြုနိုင်ကြတော့ဘူး
အဲဒီအားနဲချက်ကို အခွင့်ကောင်းယူပြီး ဆင်တပ်နဲ့ထိုးရမယ်
သူတို့ဘက်က တောထူတဲ့ ဖက်ဖြစ်နေတဲ့ အတွက် ဆင်တပ်ကို သုံးဆင့်ခံထားပြီး တောတွင်းမှာ တပ်ဖျောက်ထားကြရမယ်
တိုက်ပွဲစတော့မှ မလှုပ်နိုင်တော့တဲ့ မြင်းတပ်ကို ဆင်တွေနဲ့ တဆင့်ပြီးတဆင့် နင်းသတ်ရမယ်။
သူတို့ရဲ့ ၉ ပေရှည်တဲ့ လှံများဟာလည်း ဆင်ပေါ်ထိုင်နေတဲ့ စစ်သည်များထံ ရောက်ရှိနိုင်ဖို့ အခွင့်အလမ်း နဲပါးမယ်..ဆိုတာတွေဘဲ ဖြစ်ပါတယ်.
စစ်မှာအင်အားကြီးတာငယ်တာပဓာနမဟုတ်ဘဲကြံရည်ဖန်ရည်သာအရေးကြီးကြောင်းသင်ခန်းစာပါ။
ဝင်းဗိုလ်
၂၀၂၁

Published by Ngron Chin Tribe ( Ngron Chin Miphun )

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐡𝐢𝐧 𝐒𝐭𝐚𝐭𝐞 𝐍𝐆𝐀𝐖𝐍 tribe 𝐓𝐚𝐧𝐠𝐭𝐡𝐮 ( Ngawn Chin History) 𝐍𝐠𝐚𝐰𝐧 𝐂𝐡𝐢𝐧 𝐭𝐫𝐢𝐛𝐞 𝐃𝐚𝐧𝐜𝐞 A.𝐍𝐠𝐚𝐰𝐧 𝐍𝐮𝐧 𝐏𝐡𝐮𝐧𝐠 𝐋𝐚𝐦 𝐓𝐡𝐮 𝟏. 𝐂𝐨𝐧 𝐋𝐚𝐦 𝟐. 𝐒𝐚 𝐀𝐢𝐡 𝐋𝐚𝐦 𝟑. 𝐆𝐚𝐥 𝐀𝐢𝐡 𝐋𝐚𝐦 𝟒. 𝐊𝐡𝐮𝐚𝐧𝐠 𝐊𝐚𝐢𝐡 𝐋𝐚𝐦 𝟓. 𝐋𝐚𝐧𝐠 𝐂𝐞𝐦 𝐋𝐚𝐦 𝟔. 𝐓𝐚 𝐕𝐮𝐧𝐠 𝐋𝐚𝐦 𝟕. 𝐊𝐡𝐮𝐚𝐧𝐠 𝐂𝐚𝐰𝐢 𝐋𝐚𝐦 𝟖. 𝐋𝐚𝐢 𝐋𝐞𝐧 𝐋𝐚𝐦 𝟗. 𝐋𝐚𝐦 𝐌𝐚𝐧 𝐒𝐢𝐚𝐥 𝐋𝐚𝐰𝐡 𝐋𝐚𝐦 𝟏𝟎. 𝐍𝐠𝐮𝐚 𝐓𝐚𝐰𝐡 𝐋𝐚𝐦. B.𝐍𝐠𝐚𝐰𝐧 𝐋𝐚 𝟏. 𝐃𝐞𝐮 𝐋𝐚 𝟐. 𝐒𝐚 𝐀𝐢𝐡 𝐋𝐚 𝟑. 𝐊𝐡𝐮𝐚𝐧𝐠 𝐂𝐚𝐰𝐢 𝐋𝐚 𝟒. 𝐌𝐮𝐚𝐥 𝐃𝐚𝐰𝐧 𝐋𝐚 𝟓. 𝐍𝐚𝐮 𝐀𝐰𝐢 𝐋𝐚 . C. 𝐍𝐠𝐚𝐰𝐧 𝐏𝐮 𝐋𝐞 𝐏𝐚 𝐓𝐞𝐢 𝐓𝐚𝐧𝐠 𝐋𝐞𝐢 𝐌𝐚𝐧 𝐃𝐚𝐧 𝟏. 𝐒𝐚𝐰𝐧𝐠 𝐓𝐡𝐨 𝟐. 𝐊𝐡𝐮𝐚 𝐍𝐢 𝟑. 𝐃𝐚𝐰𝐧𝐠 𝐒𝐚𝐰𝐦 . 4.𝐓𝐡𝐚𝐰𝐦 𝐙𝐮𝐥 5.𝐍𝐠𝐚 𝐒𝐚 𝐊𝐮𝐚𝐧𝐠 𝐊𝐢𝐥. D. 𝐏𝐔 𝐋𝐄 𝐏𝐀 𝐓𝐄𝐈 𝐊𝐇𝐔𝐀𝐇𝐔𝐍 𝐙𝐎𝐇 𝐃𝐀𝐍 1.Mai kum ca in, 2.Simkum tukmaw zokum tuk, 3.Kum phatuk le phatuk ngawl, 4.Sapi luttuk le luttuk ngawl, 5.Meikang umtuk le umtuk ngawl, 6.Mivai um tukle umtuk ngawl, 7.Sakthi umtukle umtuk hawl, 8.Damnak lam phuin zoin na son hamthei haw hi. ************************************************ 𝐍𝐠𝐚𝐰𝐧 𝐇𝐚 𝐒𝐢𝐚𝐥 𝐃𝐚𝐧 Ngawn pulepa te cu, Cong lelam in nunkhua asa mite haw hi. Kumsial danle-Hasial dan cu, Ha13 asial hawten Kum1 tin sialhaw Hi. Phiangkum cu Kum3 veikhat ah phiangkum tin namang haw hi. 1. Canghak ha. 2. Vulcio ha. 3. Vulpi ha. 4. Kaau ha. 5. Tuun ha 6. Tim ha. 7. Mang ha. 8. Cun ha. 9. Tang Ha. 10. Dawnsawm ha. 11. Ngam ha. 12. Zankuah ha. 13. Innsak Ha Lui . Pule patei kumsia dan le hasial dan cu hitih cun hi.

2 thoughts on “Alexander Great ကို ဘယ်လိုလူတွေက အနိုင်ယူလိုက်သလဲဆိုတာကို စိတ်ဝင်စားစရာပါ..။

Leave a reply to Pkmundo Cancel reply

Design a site like this with WordPress.com
Get started