𝐊𝐡𝐮𝐚 𝐍𝐢 𝐏𝐮𝐚𝐢

ခွာနီးပွဲတော်။
KHUA NI PUAI
ခွါနီးပွဲတော်သည်ငေါန်လူမျိုးများအတွက်ပွဲတော်ကြီးတစ်ခုဖြစ်ပေသည်။နှစ်စဥ်ငေါန်ချင်းပြက္ခဒိန် (cang hak ha) လပြည့်တွင်ကျင်းပလေ့ရှိသည်။(kuang kuah ling nei pak san vul buk pak). ဆူးပါသည့်ကုန်းကွပင်၊နီရဲရဲပွင့်ချိန်တွင်ကျင်းပသည်။ရွာသူကြီးကနေ၊ရွာသူရွာသားများခင်ဗျားခွါနီးပွဲကျင်းပပါမည်လို့တစ်ရွာလုံးအော်ပြီးအကြောင်းကြားပါသည်။ ပထမနေ့ရက် ပထမနေ့မှာနှစ်၊ လ လည်းပြောင်းပြီ၊သေခြင်းမှလွတ်မြောက်ပါစေလို့ရွာထဲမှာဇစ်ပရောဟိတ်ကအော်ပါသည်။ညနေပိုင်းရောက်သောအခါဝါးခြောက်နှစ်ချောင်းကိုယောကျ်ားလေး(3)ယောက်ကရွာနားရှိကပွဲကျင်းပရာတောင်ကုန်းသို့သွားပြီး၊မီးခိုးထွက်အောင်လုပ်ပါသည်။ ဒုတိယနေ့ ဒုတိယနေ့မှာ၊ငါးထောမ်ယူလ်သည့်နေ့ဖြစ်သည့်အတွက်တူ၊တူမရှိသည့်ဦးလေးတွေကသူတို့တူတွေကိုငါးထောမ်ပေးသည်ကိုထောမ်ထာလ်ပေးသည်ဟုခေါ်သည်။ကလေးတွေကဦးလေးတွေပေးသည့်ငါးထောမ်ကိုကပွဲကျင်းပသည့်တောင်ကုန်းသို့ယူသွားသည်။ကလေးအချင်းချင်းငါးထောမ်ကိုဝိုင်းဖွဲ့စားသုံးကြသည်။ငါးထောမ်ဆိုတာ၊ကောင်ညှင်းဆပ်ဆံကိုပေါင်းပြီးချက်ကာ၊ကဇော်ဖောက်သည်။အခြောက်လှန်းကာဗူးသီးခွံလုံးထဲထည့်ကာစားသုံးကြသည်။ချိုမြိန်သောအရသာရှိသည်။ တတိယနေ့ အန်းသွာလ်ယူလ်သည့်နေ့ (An Tual zul Ni) တတိယနေ့သည်အန်းသွာလ်ယူလ်သည့်နေ့ဖြစ်သည့်အတွက်ကလေးရှိသည့်မိဘတိုင်းက (cang ho)ကျာန်းဟိုမုန့်လုပ်ပေးသည်။ကောက်ညှင်းဆပ်ဆံကိုပေါင်းပြီး(cak ngan awm)ချက်ပေးသည်။အမဲခြောက်၊ကြွက်သားခြောက်၊ချက်ပြီးဂျင်းထည့်ကာရောမွှေပြီး (sa vo, nam cik thing sawh)တောင်ထိပ်ကသည့်နေရာမှာသားသမီးများကိုပေးသည်။တောင်ထိပ်တွင်ကလေးအားလုံးဝိုင်းဖွဲ့ပြီးမျှဝေစားသောက်ကြသည်။အန်းသွာလ်ယူလ်နေ့မှာရွာထဲမှလူပျို၊အပျိုတွေက(zu kawm nei haw)ခေါင်ရည်အိုးစုကာဝိုင်းသောက်ကြသည်။ရပ်ကွက်လိုက်ဝိုင်းသောက်ပြီး၊လားအဲ့လားသီချင်း (la ek la sa) ၊တစ်ဖွဲ့ပြီးတစ်ဖွဲ့သို့သွားလည်ပြီးခေါင်ရည်သောက်ကြသည်။အနည်းဆုံး (4 ရက်မှ 9)ရက်ကြာပါသည်။ ခေါင်ရည်ဝိုင်းသောက်သည့်အိမ်ကနေလူပျိုတွေက (Nam sau na sui haw hi) ဆိုင်လျာမ်းအကမှာသုံးဖို့သစ်သားဓားကိုပြုလုပ်ကြသည်။(vang) ဗန်းသစ်ပင်မှပြုလုပ်ကြသည်။သစ်သားဓားလက်ကိုင်၊လှည့်ပြီး(sai liam)ဆိုင်လျာမ်းအကကိုကကြသည်။မနက်တိုင်း (9)နာရီထိရွာထဲလမ်းပေါ် မှာ(sai liam)အကကကြသည်။ပြီးပါကခေါင်ရည်ဝိုင်းသောက်ကြသည့်အိမ်ကိုပြန်လာကြသည်။ နေ့တိုင်းပွဲတော်ပြီးဆုံးသည့်အထိဤကဲ့သို့ပြုလုပ်ကြသည်။ စတုတ္ထနေ့ ခေါင်ရည်အိုးကြီးအသီးသီးသယ်လာပြီးစုစုပေါင်းသောက်သည့်နေ့ (Zu Kawm In Pat Ni) လေးရက်မြောက်နေ့ (zu kawm) စတင်သောက်သည့်နေ့ဖြစ်သည်။ရွာတစ်ရွာအခြေခံပြီးရှင်းပြဖို့လိုသည့်အတွက်၊ဟောယန်းရွာကိုအခြေခံကာရှင်းပြသွားပါမည်။ဟောယန်းရွာမှ ယန်းမွာလ်(zang mual)တောင်ကုန်း၊ဆွာဒေါင်း(suang dawng)ခွန်းမွာလ် (khuang)စသဖြင့်နေရာအခေါ်ရှိပါသည်။ လေးရက်မြောက်နေ့ခေါင်ရည်အိုးကြီးတွေစုပေါင်းပြီးစသောက်သည့်နေ့မှာ၊ယန်းမွာလ်တောင်မှဆွားဒေါင်အကြားလမ်းပေါ်သို့၎င်း၊ဆွားဒေါင်းမှယန်းမွာလ်သို့၎င်း၊ယန်းမွာလ်မှဆွားဒေါင်းသို့၎င်းသစ်သားဓားကိုင်ကာ၊ဓားကိုလှည့်ပြီးဆိုင်လျာမ်း(sai liam)အက ကိုမနက်(10) နာရီခန့်ထိကပါသည်။ခေါင်ရည်အိုးကြီးစုပေါင်းသောက်မည့်အိမ်မှာအဆုံးသတ်ပြီးခေါင်ရည်အိုးကြီးများကိုစသောက်ပါသည်။ညနေစောင်းရောက်သောအခါမိန်းမပျိုများကခေါင်ရည်ကို (ngau)ဗူးသီးခွံအကြီးထဲထည့်ကာ၊ယန်းမွာလ်တောင်ကုန်းသို့ဆိုင်လျာမ်းကရင်းတက်သွားပါသည်။ တောင်ကုန်းရောက်သည့်အခါမိန်းကလေးများက(mual la)မွာလ်လား(အချစ်သီချင်း)ဆိုကာ၊ယောကျ်ားများကဆိုင်လျာမ်းအက၊ကိုက်ကောလာမ်အက ကိုကကြပါသည်။ ပြီးမှလောမ်အာယို(lawm au)ကြသည်။သူများထံပါမလာဘဲ၊အိမ်မှာဘဲနေသောသူကိုနောက်ပြောင်ခြင်းဖြစ်ပါသည်။ပွဲမပြီးမခြင်းဤကဲ့သို့ခေါင်ရည်သောက်လိုက်တောင်ကုန်းတက်လိုက်ဖြင့်ပြုလုပ်ကြသည်။ ပဉ္စမနေ့(5)ရက်နေ့ Liam Pi Ni (လျာမ်းပီးနေ့) နောက်ဆုံးနေ့ကိုလျာမ်းပီးနေ့ဟုခေါ်သည်။နောက်ဆုံးနေ့မှာခွန်မွာလ် (khuang mual)တောင်ကုန်းသို့တစ်ရွာလုံးတက်လာကြသည်။တစ်ရွာလုံး၊ဆိုင်လျာမ်းအက၊ကိုက်ကောလာမ်အက ကိုကကြသည်။လွာလ်နှင့်လွာလ်(lual le lual)ဆီဒွန်ခေတ်ခွန့်အက ကိုဓားကိုင်ပြီးကကြသည်။ငေါန်လူမျိုးများမှာယောကျ်ားနှစ်ယောက်မိတ်ဖွဲ့တာကို (lual)လွာလ်လို့ခေါ်သည်။အချင်းချင်းနောက်လှည့်ပြီးကြောခြင်းကပ်လျက်ဓားကိုင်ပြီးကကြသည်။ အားလုံးပြီးသည့်အခါ၊ကိုက်ကောလာမ်အက၊ဆိုင်လျာမ်းအက၊ကရင်းပြန်လာကြသည်။ပွဲလုပ်သည့်အိမ်သို့ပြန်လာကြသည်။ အိမ်တိုင်းသို့သွားပြီး နတ်ဆိုး၊စာတန်မောင်းထုတ်ခြင်း
Inhawl To In Huan Sung Huasia ၊dawi sia ၊ saihtan Hawl Vawk.
ဆိုင်လျာမ်းအက ကသည့်ဇစ်ပရောဟိတ်မှ (thei dam)အပင်ကိုင်းကိုချိုးပြီးယူဆောင်သည်။နောက်ပြီးပြာမှုန့်ရောင်ရှိသည့်ရွှဲ့စေး( Tak lei khal)တုံးယူဆောင်ပြီးတစ်အိမ်ပြီးတစ်အိမ်ဝင်ပြီးခြံထဲ(dawih)စာတန်၊နတ်ဆိုးမောင်းထုတ်သည်။အိမ်ရှင်ရဲ့အိမ်တံခါးဝဘေးမှာအပြာနုရောင်ရွှဲ့စေးကိုကပ်ထားပြီး၊ဤအိမ်ပေါ်မှာ (haw vang tui san kian ta hen tin au haw hi)သေခြင်းမှလွတ်မြောက်ပါစေ၊ခွါယိန်းဘုရားကမှတ်ထားပြီးပါပြီလို့အော်ကြသည်။ပြန်ထွက်သည့်အခါအိမ်ရှင်မှရေပက်ပါသည်။ အိမ်ရှင်ကလည်းဆိုင်လျာမ်းအကများကို၊ချီးမြှင့်သည့်အနေနှင့်ခေါင်ရည်အိုးသေးသေးလုပ်ပေးသည်။ေပြန်မှုတ်ထုတ်ကာအိမ်ရှင်ကိုသေခြင်းမှလွတ်ကင်းပါစေဆိုပြီးအော်ကြသည်။၎င်းကို(lam pak zu)အကကို၊ချီးမြှင့်ခေါင်ရည်လို့ခေါ်သည်။ ၎င်းပြီးမှအားလုံးတောင်ကုန်းပေါ်သွားကာ ကိုယ့်မိတ်ဆွေနှင့်ကိုယ့်မိတ်ဆွေပေါင်းပြီး (lual kawm ei)စားသုံးသည်။ဆပ်ဆံကောက်ညှင်းပေါင်းခေါင်ရည်၊ကိုအမဲခြောက်နှင့်အားလုံးဝိုင်းစားကြသည်။၎င်းပြီးမှမိန်းကလေးများမှမွာလ်လားသီချင်းဆိုကာ၊လမ်ဖိုင်းကိတ်သီချင်းဆိုကာ၊ပြန်လာကြသည်။ရွာဘုံပိုင်ကခုန်သည့်နေရာခွန်တန်သို့ရောက်သောအခါသီချင်းမျိုးစုံဆိုကြသည်။ခွန်လာသီချင်းဆိုကြသည်။ပြီးမှလျာမ်းပီးအိမ်ရှင်ထံသို့ပြန်လာကြသည်။ ခွါနီးပွဲတော် တောင်ကုန်းပေါ်တက်ပြီးကခြင်း တောင်ကုန်းသို့ဆိုင်လျာမ်းပြီး၊သစ်သားဓားလှည့်ပြီးမောင်းအလတ်စား (dak cang)တီးပြီးကရင်းနှင့်တက်သွားသည်။တောင်ကုန်းပေါ်ရောက်သောအခါ၊အမျိုးသမီးတစ်ဦးမှမွာလ်လားသီချင်းဆိုသည်။ဆိုင်လျာမ်းအက ကသည်။ကိုက်ကောလမ်အက ကသည်။ ပြီးမှလောမ်အာယို(lawm au in lik daw duam haw hi)လက်ခုတ်တီးပြီး၊အဲ အင် အဲ အော် ဆိုပြီးဆိုကြသည်။ ထောမ်ယူလ်ပေးတယ်ဆိုတာတစ်နှသ်လုံးစုဆောင်းထားသည့်၊အမဲခြောက်၊ကြွက်သားခြောက် ၊ကြက်ဥ၊ကြက်သား၊ဝက်သား၊ချက်ပြီးဂျင်းထည့်ပြီးရောမွှေကာ၊ဆပ်ဆံကောက်ညှင်းပေါင်းကို၊ငှက်ပျော်ရွက်နှင့်ထုတ်ကာ၊ခေါင်ရည်ကို(ngau in keng haw hi)၊ဆပ်ဆံကောက်ညှင်းမုန့် (cang ho)များနှင့်ဝိုင်းပြီးစားသောက်ကြသည်။၎င်းကိုမိဘကသားသမီးများကိုထောမ်ယူလ်ပေးတယ်လို့ခေါ်ပါသည်။ လမ်ဖိုင်ကိတ်အက Lam Phei Kik Lam တောင်ကုန်းအစီစဥ်အားလုံးပြီးဆုံးသောအခါ၊လမ်ဖိုင်ကိတ်အက ကပြီးပြန်လာကာ၊ရွာလည်မှာရှိသည့်ခွန်းတန်မှာပြီးဆုံးပါသည်။မိုးမချုပ်တချုပ်မှာလမ်ဖိုင်ကိတ်အကစတင်ပါသည်။ယောကျ်ားနှင့်မိန်းမကြားညှပ်ပြီးလက်ခြင်းယှက်ကာကကြပါသည်။ထင်းရှိုးမီးထွန်းပြီးပြန်လာကြပါသည်။လားအဲ့သီချင်းကိုသီဆိုရင်းအားလုံးကဝိုင်းကူဆိုပြီး၊လမ်ဖိုင်ကိတ်အက ကကြပါသည်။လားအဲ့သီချင်းကိုအလှည့်ကျသီဆိုပါသည်။ယောကျ်ားနှင့်မိန်းကလေးလက်ခြင်းယှက်ပြီးကတာကိုစီဒွန်( si dun) လို့ခေါ်ပါသည်။ ယူခူလ်းယူလ်နေ့ (Zu Khul Zul Ni) နောက်တစ်နေ့ (zu khul zul ni ah)မှာလက်ကျန်ခေါင်ရည်အိုးမကုန်မခြင်းဝိုင်းသောက်ကြသည်။အရင်နေ့အတိုင်းဘဲတောင်ပေါ်တက်ကပြီးပြန်လာရင်းကကြသည်။လုပ်အားပြန်ဆပ်ခြင်း(tha sa leh tin ti in)ဆိုပြီး၊တောင်ကုန်းပေါ်မှာသစ်သားဓားတစ်လက်ချိတ်ထားပြီး၊ယူခူလ်းယူလ်နေ့ပြီးဆုံးသည်။ ဆောင်ထော Sawng Tho နောက်တစ်နေ့မှာဆောင်ထော(Sawng tho)လုပ်မယ်ဆိုပြီးရွာထဲမှာအော်ကာအကြောင်းကြားသည်။လှံတံကိုင်နိုင်သည့်ယောကျ်ားကလေးများအပါအဝင်အားလုံးထွက်လာပါလို့အော်သည်။လူကြီးလူငယ်ကလေးများအားလုံးဆောင်ထော(sawng tho)သွားကြသည်။ဆောင်ထောဆိုသည်မှာတစ်ရွာလုံးအမဲလိုက်ခြင်းဖြစ်ပါသည်။
အမဲကောင်ရရှိသည့်အခါ (sawng ban)ကိုဒီတိုင်းထားလို့မရဘူးဆိုပြီးတော့(peng ban)ပဲန်းကိုတီးမှုတ်ကာ၊ရွာနားတောင်ကုန်းရောက်သောအခါဆာလိတ်(sa lik in)ကြသည်။(Siah au)ရှအော်သည့်အခါမျိုးရိုးအလိုက်ရှအော်ကြသည်။ဥပမာငိုက်သိုမျိုးရိုးကမန်းလွန်ရှ(siah)၊စိဆင်းမျိုးရိုးကလဲင်ထွန်ရှ(siah)လို့အော်ရသည်။
ဆောင်ထော(sawng tho)ပြီးညမှာဆာအိုက်(sa ai)ပွဲလုပ်ပြီးခေါင်ရည်သောက်သုံးကြသည်။မီးပုံပွဲလဲပြုလုပ်ပြီးတရိဆ္စာန်ခေါင်းကိုကိုင်ကာတစ်ယောက်ပြီးတစ်ယောက်အလှည့်ကျမိုးလင်းထိကခုန်ကာအဆုံးသတ်ပါသည်။
မူရင်း….ဦးအိုင်ဇာလင်း
copy ကူးပြီးပြန်တင်ခွင့်မပြုပါ
လွတ်လပ်စွာshare နိုင်သည်။
ပထမပုံများမှာတစ်အိမ်ပြီးတစ်အိမ်ခြံထဲရှိ နတ်ဆိုး၊စာတန်များမောင်းထုတ်ကာအိမ်တံခါးဝတွင်သေခြင်းမှလွတ်မြောက်ရန်အတွက် ရွံ့စေး (tak lei)ကို( (hawvang tui sam kian ta hen tin thu pha pia in)tak lei ကိုတံခါးဝတွင်ကပ်ထားပါသည်။
ဒုတိယပုံမှာ…….ဆိုင်လျာမ်းအက ကပြီးတောင်ကုန်းပေါ်တက်ခြင်း၊မိန်းကလေးတစ်ဦးမှမွာလ်လားသီချင်းသီဆိုခြင်း၊ဆိုင်လျာမ်းအက ကခြင်း၊ကိုက်ကောလမ်ကခြင်း၊လမ်ဖိုင်ကိတ်ပြီးအိမ်သို့ပြန်လာခြင်းပုံများဖြစ်ပါသည်။
Design a site like this with WordPress.com
Get started