
1.General Aung San in Mindat a သခင်ဝမ်းသူမောင် nel ah Pakhuku sak lam hem poh Chin special division ah pia in uk tik na ven uk ngam ma uk thei tuk mang tin kik. Na co vo cu pia ceng zo si. Independent ngah ten pia zo si. Kawl ten pia ceng zo si mei thal tuah do hei kul ngawl pia zo si.
2.ဝန်ကြီးချုပ် ဦးနု in Pu Za Hre Lian nel ah Minkin myone sak siah Chin special division ah pia in uk tik si Za Hre Lian in ngam ma si. Kawl ten na co vo pia ceng zo si. Na lak leh tuk um ma vei. Lai mi ten deih ma si.
3.General Ne Win in Pu Van Kulh nel ah Kalay myo cu Chin special division ah pia in Myo daw zung vang Kalay myo ah phuan tik si A man deih ngawl in Hal kha ah thawn si. Kawl ten na co vo pia ceng khawng zo si. Lai mi ten deih hawma hi.
ငေါန်လူမျိုး ( ၄၁၄) တို့၏တောင်ထိပ်ပေါ်မှမိမိထွက်ခွာရာဒေသတွင်ရှိသောဘိုးဘေးများနှင့်၊မမြင်နိုင်သောဘုရား၊ခွာယိန်းဘုရားကိုဇစ်ပူဇော်ခြင်းအကြောင်း။
MUAL SANG BIAK DAN
NGAWN MI PHUN TEI NUN TU KHUA
SAK DAN
ငေါန်လူမျိုး ( 414 ) သည်ယခုအခေါ်ကလေးဒေသမှထွက်ခွာရာတွင်အုပ်စု ( ၂) ခုခွဲပြီးထွက်ခွာလာပါသည်။ငိုက်သိုး (ngaihto) မျိုးရိုး၊ တီးလော (Teilol)မျိုးရိုး၊လောလ်ဆွတ် (Lol sot)မျိုးရိုး၊မွန်ရိုး (Mun zo)မျ်ိုးရိုးများသည် (HangTa Ngun Zui Kai To)မဏိပူရမြစ်ကြောင်းအတိုင်းတက်လာပြီး Kawl ni ဒေသသို့၎င်း၊ ၎င်းမှ (Ngaih To)ငိုက်သိုးမျိုးရိုးများသည်၊Sihtui စိသွေးသို့ရောက်ရှိသည်။
စိဆင်း(Sihsing)၊ ဟုပ်ဘီးယန် (Hup biang)၊ယာဆွာ (Za suang)၊ ယောင်ငီလ်း (Zawng ngil)၊ ဟာဟုပ် (Ha hup)၊ လင်သဲ (Len te)၊ ဟိုင်းယန်း (Hai zang)မျိုးရိုးများသည်ဇင်းကလင်းချောင်းမှဇီးချောင်းအတိုင်းတက်လာသည်။ထိုမှတစ်ဆင့်ထန်မွာလ်တောင် (Thang mual)သို့၎င်း၊ ထိုမှတစ်ဖန် ဆဲ့ယန်းဒေသ(Sek zang)သို့၎င်း၊ ထိုမှတစ်ဆင့် Kawl ni (ကောလ်နီးဒေသသို့ရောက်ရှိလာကြသည်။ထိုမှတစ်ဖန် စိဆင်း(sih sing)မျိုးရိုးသည် Haw zang သို့ရောက်ရှိပြီးရွာတည်သည်။
ပထမမှာတော့မဏိပူရမြစ်ကြောင်းအတိုင်းဆန်တက်လာသောအုပ်စုသည်၊ ကျုံးဟုမ် (Cung hum)တောင်နှင့် (Suai nuai) ဆွဲနွဲတောင်ကို၎င်းသွားပြီးမိမိထွက်ခွာရာဒေသအရှေ့ပိုင်းလှည့်ပြီးဇစ်ပူဇော်ကြသည်။
ဇီးချောင်းအတိုင်းဆန်တက်လာသောစိဆင်း (Sihsing)အုပ်စုသည် ၊ Thang mual( ထန်မွာလ်)မှဇစ်ပူဇော်ကြသည်။
သို့သော်ရွာများအတည်တကျဖြစ်လာသောအခါ၊မိမိရွာနှင့်နီးဆုံးတောင်ထိပ်ကနေ၊ မိမိတို့ဘိုးဘေးများထွက်ခွါရာ၊ အရှေ့ပိုင်းသို့မျက်နှာမူလျက်၊ဘိုးဘေးများနှင့်မမြင်နိုင်သောဘုရား၊ခွါယိန်းဘုရားကိုဇစ်ပူဇော်သည်။
Ngawn sak ta ရွာ၊ ဟောဇန်း၊စိသွေး၊ဇောလ်နိုး၊ရှာလ်စိ၊ ကဲလ်ကောင်းရွာသားများမှာ၊ရွာအလိုက်တစ်နှစ်တစ်ကြိမ် ကွန်လူ (Kum lu) တောင်မှ၊ ဆိတ်အထီးတစ်ကောင်ဖြင့်ဘိုးဘေးများထွက်ခွါရာအရှေ့ဘက်ကိုမျက်နှာမူလျက်ဇစ်ပူဇော်သည်။ဆိတ်ဦးခေါင်းကိုလည်းအရှေ့ဘက်လှည့်ပြီးစင်ပေါ်ရှိတိုင်တွင်ချိတ်ထားသည်။
Ngawn Hang ta (Mun pi, Ngamual, Suang Do, Thut mual ရွာများသည် Cung Hum (ကျုံးဟုမ်)တောင်အမြင့်ဆုံးနေရာမှဇစ်ပူဇော်သည်။မှတ်ချက် ။ phai zawl, Bual khua ရွာကလည်းကျုံးဟုမ်တောင်အမြင့်ဆုံးနေရာတွင်သူတို့လည်းဇစ်ပူဇော်ချင်သော်လည်း Ngawn hang ta ရွာ(၄)ရွာမှခွင့်မပြုပဲ၊ Pauram တောင်တွင်သာဇစ်ပူဇော်သည််။Sai mun, khua Dak ရွာတွင်က Suai nuai တောင်တွင်ဇစ်ပူဇော်သည်။Khua pual ရွာက Mu len (မူးလဲင်) တောင်တွင်ဇစ်ပူဇော်သည်။
ဟောယန်းရွာ (Haw zang) သားများသည် ရွာသူကြီး (Pu Tial Cuai) ဦးတီလ်းကြွယ်ခေတ်အထိ၊ နှစ်စဥ်နှစ်တိုင်း၊ ဆိတ်အထီးတစ်ကောင် ( a ki melh zo mi) နှင့်အထမ်းသမား (၄)ယောက် ဇစ်ပရောဟိတ်(Pu Tial Cuai) တို့သည်kumlumual သို့သွားသည်။ခေါင်ရည်အိုးသေးသေးလေး၊ရေမထည့်ပဲသယ်သွားသည်။တောင်ထိပ်ရောက်မှရေထည့်ပြီးဇစ်ပရောဟိတ်သောက်ရန်ဖြစ်သည်။လှံတစ်ချောင်းယူသွားသည်။ပူတီလ်းကြွယ်သည်ခေါင်းပေါင်းဝတ်သည်။Tai leh ဝတ်သည်။အန်ကီးဘန်းကျွဲ့ (ang ki ban coih) ကြောင်လာမ်ပွန် (cawng lak puan) ခြုံသည်။တောင်ထိပ်ရောက်မှစင်တည်ဆောက်သည်။ယူဆောင်လာသောဆိတ်ကိုစင်ပေါ်တွင်သတ်သည်။ဆိတ်ခေါင်းကိုစင်ပေါ်တိုင်တွင်၊ဘိုးဘေးများထွက်ခွါရာအရှေ့ဘက်၊ မျက်နှာမူပြီးချိတ်ထားသည်။ဆိတ်သားချက်သည်။ Lu sei awn in phua haw hi.ဇစ်ပရောဟိတ်မှခေါင်ရည်ကိုပါးစပ်မှမှုတ်ထုတ်ပြီးလူရှေစကားနဲ့ရေရွတ်သည်။အသားကျက်မှအကောင်းဆုံးအနည်းငယ်စီစင်ပေါ်တွင်ထားခဲ့သည်။ဆိတ်သားကိုအားလုံးစားသောက်ပြီးပိုလျှံ၊ ဒါကိုဇစ်ပရောဟိတ်အတွက်ရွာသို့ပြန်သယ်လာပါသည်။
Pu Tial Cuai 1958 ခုနှစ်ဆုံးပြီးနောက်ပိုင်းဘယ်သူမှမလုပ်တော့ပဲယဥ်ကျေးမှုပျောက်ဆုံးတာ(၆၃)နှစ်ခန့်ရှိပြီဖြစ်ပါသည်။Kum Lu တောင်ထိပ်သို့လိုက်ဘူးသော Pu Khen Theu, Pu Ceu Ling တို့ ကိုမေးမြန်းခဲ့သော်လည်း (Lu sei awn in phui sam) Luseiစကားဖြစ်တာကြောင့်သူတို့မမှတ်မိပေ။
ယနေ့လူငယ်များ၊ပျောက်ဆုံးနေသောယဥ်ကျေးမှုကိုမြင်ဘူး၊ကြားဘူးရန်နင့်စိတ်ဝင်စားသောလူငယ်များအတွက်၊ဆိတ်တစ်ကောင်ဝယ်ပြီးလက်တွေ့သရုပ်ပြသခိုင်းခြင်းသာဖြစ်ပါသည်။
Ngawn လူမျိုးများဆင်းသက်လာပုံသမိုင်းရှာဖွေချင်သူများအတွက်အထောက်အကူပြုဖို့မျှော်လင့်မိပါသည်။
စင်တည်ဆောက်ရာတွင်အရှေ့ဘက်ကိုမျက်နှမူပြီးတည်ဆောက်သည်။ဆိတ်ဦးခေါင်းကိုလည်းတိုင်ထိပ်တွင်အရှေ့ဘက်မျက်နှာမူပြီးချိတ်ထားသည်။ဤအကြောင်းအရာများထဲမှထန်မွာလ်မှဆဲ့ယန်းဒေသသို့၎င်း၊၎င်းမှကောလ်နီးဒေသသို့၎င်း၊ကောလ်နီးဒေသမှဟောယန်းသို့အပိုင်းသည်Pu Tial Cuai မှအင်ဂလိပ်များထံတင်ပြသည့်အတိုင်းရေးသားခြင်းဖြစ်ပါသည်။ကျန်သည့်အပိုင်းများကိုPu Ceu Ling နှင့် Pi Kulh Lemတို့မှနှုတ်ထွက်စကားအရ၎င်း၊မဏိပူလ်ရမြစ်ကြောင်းအတိုင်းဆန်တက်လာသောအဖွဲ့အကြောင်းကို Pu Kheu Theu ၏နှုတ်ထွက်စကားအရရေးသားခြင်းဖြစ်သည်။ Mual Sang Biak Dan ကိုတော့Pi Kulh Lem Pu Ceu Ling Pu Khen Theu တို့၏နှုတ်ထွက်စကားအရ၊ရေးသားပါသည်။

မူရင်း။ ။ ဦးအိုင်ဇာလင်း Copy ကူးပြီးပြန်တင်ခွင့်မပြုပါ။
လွတ်လပ်စွာshareနိုင်ပါသည်။
By- Aizalen
