
ငေါန် အင်ပိုင်ယာပျက်စီးခြင်း။
လွန်ခဲ့သောနှစ်ပေါင်း 250-300 ခန့်ကဟောယန်းရွာနှင့် အင်းရာလ်ရွာသည်အိမ်ခြေပေါင်း 260 ခန့်ရှိသည်ဟုဆိုသည်။၎င်းရွာနင့်7 မိုင်အကွာတွင်မွာလ်ဘင်းရွာရှိသည်။သူတို့ခေါင်းဆောင်မှာ ဆုတ်သဲမျိုးရိုးမှ Pu Khan Thuam ဖြစ်သည်။
ဟောယန်းရွာရှိ စိဆင်းမျိုးရိုးများမှ( sih sing) ခေါင်းဆောင်မှအခွန်အဖြင့် လည်စွဲခီးငွေး( khi pi siah) နှစ်စဥ်ကောက်ခံသည်ဟုဆိုသည်။ထိုချိန်တွင် ngawn ခေါင်းဆောင်မှာ sihsing မျိုးရိုးမှ Pu Nun Thang ဖြစ်ပြီးအရပ်မောင်း 6ပေရှိသည်ဟုဆိုသည်။
Pu Nun Thang မှအခွန်ကောက်လူနှစ်ယောက်စေ လွတ်ရာ ဟောယန်းရွာမှ Pu Lian Ceu နှင့် စိသွေးရွာမှPu Nun Thang ၏ဆွေမျိုးရင်းချာတယောက်စေလွတ်ခဲ့သည်။Pu Sun Thawng ရဲ့အဖိုးဖြစ်သည်။
ငေါန်ကိုယ်စားလှယ်က၊လည်စွဲအပေါက်မဖောက်တာတောင်းဆိုသည်။ Pu Khan Thuam မှအပေါက်မဖောက်သည့်လည်စွဲမရနိုင်ကြောင်း။အပေါက်ဖောက်ပြီးလည်စွဲလက်ခံပေးဖို့တောင်းဆိုခဲ့သော်လည်းPu Lian Ceu မှလက်မခံခဲ့ပေ။ပြသနာတက်ပြီးစိသွေးရွာမှPu Sun Thawng အဖိုးအသတ်ခံရသည်။ Pu Lian Ceu မှာထွက်ပေးလွတ်မြောက်ပြီးရွာသို့ရောက်ရှိလာသည်။အဖော်အသတ်ခံရကြောင်းရှင်းပြသည်။
ထို့ကြောင့်ငေါန်လူမျိူးများသည်၊မွာလ်ဘင်းရွာကိုစစ်တိုက်ပြီးဖျက်ဆီးခဲ့သည်။၎င်းကစပြီးမွာလ်ဘင်ရွာသားများအနယ်နယ်အရပ်ရပ်သို့ထွက်ပြေးကြသည်။
pu Khan Thuam သည် Zah hau လူမျိုးral lang ရွာ pu Khuang Ceu ထံခိုလှုံသွားသည်။နောက်ပိုင်းတွင် Sukte Pu Khan Thuam မွာလ်ဘင်းရွာပြန်တည် နိုင်ရန်အတွက်၊ Zahau လူမျိုး Khuang Ceu နှင့် Thlanrawl လူမျိုး Pu Cong Lul တို့၊ Sukte လူမျိုး3 မျိုးပေါင်းပြီး ငေါန်လူမျိုးရွာHawzang ရွာ Inral ရွာ 2 ရွာကိုယ်ဝိုင်းပြီးခြေမှုန်းတိုက် ခိုက် သည်။ 2 ကြိမ်တိတိတိုက်ခိုက်သည်။မြေပုံတွင် ပြထားသည်မှာHawzang ရွာဘေးတွင် ရှိသော zang mual liang ကမ်းပါးဖြစ်သည်။အမြင့်ပေ 6000 ရှိသည်။ဤေတွင်ခိုအောင်းသော Hawzang ရွာသားများ Inral ရွာသားများအယောက် 360 တိတိသတ်ဖျက်ခံရသည်။Zah hau လူမျိုး Khuang Ceu သည်မွာလ်ဘင်းရွာတွင်စစ်စခန်းဖွင့်ပြီးNgawn လူမျိူးများကို ရွာမတည်နိုင်အောင်ချေမှုန်းပေးသည်။ငေါန်နယ်မြေ တွေအားလုံးတွန်းဇံထိSukte လူမျိူးတွေအုပ်ချုပ်စေသည်။
ငေါန် လူမျိုးခေါင်းဆောင် pu Nun Thang နှင့်Inral Ngaihto မျိုးရိုးမှ 4 ယောက်လိုက်ပါလျက်၊Khuang Ceu ထံတွင် ( Sut pom) ငြိမ်းချမ်းရေးပြုလုပ်ကာ Hawzang ရွာနင့် Iral ရွာပြန်တည်နိုင်ခဲ့သည်။ယနေ့တိုင်Hawzang ရွာသည် ရွာငယ်လေးဖြင့်တည်ရှိပြီး Inral ရွာသည်မရှိတော့ပေ။
Ngawn လူမျိုးများထံမှPu Khuang Ceu တောင်းခံသည့် ပစ္စည်း 4 မျိုး ဆက်သခဲ့သည်။
Ngawn လူမျိုးများထံမှ pu Khuang Ceu သိမ်းပိုက်ပြီး Sukte လူမျိုးကိုပေးသည်နယ်မြေအားလုံးသည်Ngawn လူမျိုးများအုပ်ချုပ်ေသာ်လည်း၊ေနာက်ကွယ်တွင်Pu Con Bik ရှိသည်။Ngawn လူမျိုးတို့ကနယ်မြေခွန်ရသည် ။သို့ရာတွင် Pu Nun Thangခေတ်တွင် (Con Bik) ထံ နွားနောက်တစ်ကောင်ပေးရသည်။Nun Thang သာ းpu Za Neng ခေတ်တွင်နွားနောက်ပေးစရာမလိုပေ။ကလေးမြိ့ဗမာနယ်စားရွှေဂျိုးPhioမှဗမာခေါင်းပေါင်းကိုpu Con Bik ထံ လက်ဆောင်ပေးသည်။၎င်းခေါင်းပေါင်းကို Pu Con Bik မှ Pu Nun Thang ကိုပေးပြီး၊ သူ့ကိုယ်စားစီမံခန့်ခွဲစေသည့်သဘောပင်ဖြစ်သည်။
ထို့ကြောင့်နောက်ပိုင်းတွင်Pu Con Bik မှ Pu Khuang Ceu ကိုဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်ပေသည်။
နောက်ပိုင်းတွင် Sukte လူမျိုးများသည်Ngawn လူမျိုးများထံတွင်အခွန်မဆောင်တော့ဘဲ၊Zahhau လူမျိုးKhuang Ceu ထံတွင်အခွန်ဆောင်သည်။
ကျနော်ဖလမ်းတွင်တာဝန်ထမ်းဆောင်စဥ် zahau လူမျိုး Pu Sa Mang စရင်းစစ်မှူး( ယခုကွယ်လွန် )နှင့်တွေ့ဆုံဆွေးနွေးရာသူ၏သိရှိမှုနှင့်ကျနော်၏သိရှိမှုစစ်ပွဲသမိုင်းသည်မှန်ကန်ကြောင်းနှစ်ဦးသဘောတူခဲ့သည်။
ကျနော်ဟားခါးတွင်တာဝန်ထမ်းဆောင်စဥ်၊ဖလမ်းဟားခါးကားစီးစဥ်က Thlanrawn နှစ်ဦးနှင့်တွေ့ဆုံပြီးဆွေးနွေးခဲ့ရာသူတို့လည်းသိရှိမှန်ကန်ကြောင်းပြောကြသည်။စစ်ပွဲငါတို့နိုင်ခဲ့ကြောင်းနှင့်လူအများကြီးသတ်နိုင်ခဲ့ကြောင်း၊ငါတို့လူမျိုးကရဲစွမ်းသတ္တိရှိကြောင်းကိုလည်းကျနော့်ကိုပြောပြကြသည်။
Ngawn လူမျိုး Pu Nun Thang ၏မြေးများမှနှုတ်သမိုင်းပြောကြားချက်အရသိရှိရတာဖြစ်ပြီး၊သမိုင်းဖြစ်ရပ်မှန်များကိုမျှဝေပေးခြင်းမျှသာဖြစ်ပေသည်။
ရှေးခေတ်ဟောယန်းရွာနှင့်စိသွေးရွာတို့တွင်Phek လူမျိုးအများအပြားပူးတွဲနေထိုင်လျက်ရှိပေသည်။phek လူမျိုးအမျိုးသမီးများသည်ခေါင်း၏နောက်ဘက်တွင်ဆံပင်ကိုနှစ်ခုခွဲပြီး၊အမြဲတမ်းကျစ်လေ့ရှိသည်။ထို့ကြောင့်ငေါန်လူမျိုးများက Phek လူမျိုးဟုခေါ်လျက်ရှိပေသည်။သူတို့ပြောဆိုသောဘာသာစကားမှာ bang e စကားဖြစ်ပြီးငေါန်စကားနှင့်ခပ်ဆင်ဆင်တူညီပြီးအချင်းချင်းစကားပြောလို့ရသည်ဟုဆိုကြပေသည်။
ငေါန်ရှေးလူကြီးများကကလေးမြို့မှတောင်ပေါ်တက်လာကတည်းက၊အတူပါလာသည်ဟုဆိုသည်။အချင်းချင်းလက်ထပ်ခြင်းလည်းရှိခဲ့သည်။Bang e စကားမှာယနေ့တီးတိန်စကားပြောနှင့်တူညီနေပေသည်။
ဟောယန်းရွာရှိ( Lai lun suang nu ngol )လိုင်းလွန်ဆွန်နိုသင်းချိုင်းတွင် ယနေ့တိုင် phek ngol ကျောက်ဂူကြီးရှိသည်။
Zahau လူမျိုး၊ ထန်တရောလ်လူမျိုး၊ဆုတ်သဲလူမျိုးပေါင်းပြီးနှစ်ကြိမ်တိတိ၊ဟောယန်းရွာ၊ Inral ရွာကိုဝိုင်းပြီးတိုက်ခိုက်သောအခါဒေသအသီးသီးသို့ထွက်ပြေးပြီးပြန်မလာတော့ပေ။
ဇဟောင် ရာလ်လန်းရွာ( ral lang khua) တွင်Pu Nun Thang ( sihsing မျိုးရိုး) နှင့်အဖော် ( ၄) ယောက်သွားသည်။လေးယောက်သည် Inral ရွာမှဖြစ်သည်။ Ral lang ရွာ Pu Khuang Ceu အိမ်တွင်အဖော်လေးယောက်ကိုသတ်ဖို့ဆုံးဖြတ်သည်။ဤကဲ့သို့ဆုံးဖြတ်ရခြင်းမှာဟောယန်းရွာနှင့်Iralရွာတိုက်ခိုက်သတ်ဖြတ်ရာတွင်ဇဟောင်တစ်ယောက်သေသွားသည့်အတွက်အဖိုးအခပြန်ယူရန်ဟုဆုံးဖြတ်သည်။
ထိုအချိန်ကPu Khuang Ceu သည် Khuang cawi ကျင်းပနေချိန်ဖြစ်သည်။သူ့၏ပွဲတော်တွင်Thlanrawl ရွာမှခေါင်းဆောင် ( Pu Cong lul )ကိုသူ့ပွဲလာရောက်ရန်အတွက်နွားနောက်အထီးတစ်ကောင်ဖြင့်ဖိတ်သည်။Pu Con Lul ရောက်ရှိသောအခါ Hawzang ရွာမှ ငြိမ်းချမ်းရေးလာရောက်သူများကိုဘယ်လိုဆုံးဖြတ်သလဲဟုမေးရာ၊Khuang Ceu မှ ခေါင်းဆောင်Pu Nun Thang ကိုတော့ Ngawn တွေပိုင်ပစ္စည်း နှင့်ရွေးရန်နှင့်ကျန် ၄ ယောက်ကိုတော့ဇဟောင်တစ်ယောက်သေဆုံးမှုအတွက်ပြန်သတ်ရန်ဟုKhuang Ceu မှပြန်လည်ဖြေဆိုသည်။
Pu Cong Lul ကြားသောအခါ sutpom လာသောသူကိုမသတ်ပါနှင့်၊သတ်ပါကမင်းရဲ့သားစဥ်မြေးဆက်ဒုက္ခရောက်မည်။စစ်တိုက်တာတော့သေရမှာဘဲ။သူတို့ကိုအများကြီးငါတို့သတ်ခဲ့တာ၊ဥပမာ ဂဏန်းတွင်ကိုငါတို့နှိုက်သည့်အခါငါတို့လက်ကိုပြန်ကိုက်သလိုဘဲဆိုပြီးPu Cong Lul မှရှင်းပြသောအခါPu Khuang Ceu မှပြန်လွှတ်ပေးသည်ဆိုသည်။Pu Nun Thang နှင့်အဖွဲ့ကိုPu Cong Lul မှ Thlanrawl သို့ခေါ်ပြီးသူ့ရွာသို့ညအိပ်သည်။Pun Thang အဖွဲ့ကိုဆပ်ဆံ ယာပန်မျိုးစေ့ကို
Pu Cong Lul မှလက်ဆောင်ပေးသည်။ယနေ့တိုင်ငေါန်ဒေသတွင် zapan ဆပ်ဆံမျိုးစေ့ကိုစိုက်ပျိုးလျက်ရှိပေသည်။
သမိုင်းဖြစ်ရပ်မှန်ကိုနှောင်းလူများဗဟုသုတရရှိရန်အတွက်မျှဝေခြင်းသာဖြစ်ပေသည်။
crd Azl Ngaihto
